Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒဖော်ထုတ်

မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားက အရပ်ဖက် လူ့အဖွဲ့အစည်းတွေဟာ အာဏာပိုင်တွေ တားဆီးနေတဲ့ကြားက မြန်မာတစ်နိုင်ငံလုံး ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ပေးဖို့ ဆုတောင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။ RFA

ဒီဆန္ဒဖော်ထုတ်ပွဲတွေဟာ အပစ်အခတ်တွေ ရပ်စဲဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ကြောင်း ရန်ကုန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေး လမ်းလျှောက်ကြတဲ့ လူတွေအပါအဝင် ရန်ကုန်တိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နေကြတဲ့ အစုအဖွဲ့အားလုံး ကန်ဘောင်မှာ လာပြီးတော့ ဆုံပါမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆုတောင်းပွဲလုပ်မှာ။ ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူမယ်။ 
မိုးပျံပူပေါင်းတွေလွှတ်မယ်။ ကြေညာချက် ၅ ချက်ကို ထုတ်ပြန်မယ်။ ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို အဲဒီမှာ ဆက်လုပ်သွားပါမယ်။ ကျွန်မတို့ အခုလက်ရှိကတော့ အပစ်အခတ် ရပ်စဲဖို့ ရည်ရွယ်ပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ရည်ရွယ်သလို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံးကိုလည်း ရည်ရွယ်ပါတယ်"

နေပြည်တော် သမ္မတရုံးရှေ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့နဲ့ လွှတ်တော်ရှေ့တွေမှာ ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ဖို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်နဲ့အတူ သွားရောက်ကြမယ့် လူအင်အား ၂၀၀ ကျော်ကို မနေ့မနက်ပိုင်းက အာဏာပိုင်တွေက တားဆီးခဲ့တာကြောင့် ရန်ကုန်မှာပဲ စုပေါင်းလမ်းလျှောက်ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဦးဂျော်ဂွမ်းက ပြောပါတယ်။

"ရန်ကုန်အနောက်ပိုင်းခရိုင် ရဲဦးစီးမှူးတွေနဲ့ စမ်းချောင်းကမြို့နယ်ရဲတွေ ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ကို နည်းပေါင်းစုံနဲ့တားတော့ သွားလို့မရဘူးဖြစ်ခဲ့တယ်။ နေရာ ၄ နေရာတောင် ကျွန်တော်တို့တားခံရတယ်။ ဒဂုံစင်တာရှေ့မှာ သွားခွင့်မပြုဘူး ဆိုတဲ့အကြောင်းပြောတယ်။ ထပ်ပြီးတော့ မြေနီကုန်းမှတ်တိုင် အဟောင်းမှာ ထပ်တားတယ်။ ကျွန်တော်တို့ ဆက်သွားတယ်။ မြေနီကုန်းမှတ်တိုင် အသစ်မှာ တားတယ်။ အဲဒီကနေ ကျွန်တော်တို့ ဆက်သွားတယ်။ ပြည်သူ့ရင်ပြင်မှာ အုပ်စုမခွဲမနေရဆိုတဲ့ ပုံစံနဲ့ သူတို့သတိပေးတဲ့ ပုံစံနဲ့ သူတို့က နည်းပေါင်းစုံနဲ့ ပြောတာကတော့ ကျွန်တော်တို့ နေပြည်တော် မသွားလိုက်ရဘူး။ ကျွန်တော်တို့ကား ၅ စီးနဲ့ လျှောက်သွားတယ်။ ကျွန်တော်တို့ ဆူးလေလမ်းကြောင်းကနေ တာမွေဖက်ကို ရောက်လာပါပြီ"
မန္တလေးတိုင်း မိထ္ထီလာမြို့မှာလည်း မြန်မာတစ်နိုင်ငံလုံး စစ်ပွဲတွေရပ်ဖို့ ဒေသခံ အရပ်ဖက် အဖွဲ့ အစည်းတွေက ဆုတောင်း လမ်းလျှောက်ပွဲတွေ၊ မီးပုံးပျံလွှတ်ပွဲတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး လူမှုကွန်ရက်အဖွဲ့ဝင် ဦးလွင်မောင်မောင်က အခုလို ပြောဆိုပါတယ်။

"ငြိမ်းချမ်းရေး ဆုတောင်းစာလေးတွေ တမြို့လုံးပတ်ပြီးတော့ ဝေနေကြတာပေါ့။ အဓိက ကတော့ ဒုက္ခသည်စခန်းတွေမှာ စစ်ဘေးရှောင် နေထိုင်ခြင်းတွေကြောင့် စစ်ပွဲများ ရပ်တန့်ကြရန် အတွက် ညနေ ၄ နာရီကနေ ငြိမ်သက်စွာ ဆုတောင်းကြမည် ဖြစ်ပါသည်။ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် လူသားချင်း စာနာစွာဖြင့် မိမိတို့ရောက်ရာ အရပ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ အာရုံပြု ဆုတောင်းပေးကြရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်"
ဒါ့အပြင် ပဲခူးတိုင်း ပြည်မြို့နဲ့ ပေါင်းတည်မြို့တွေမှာလည်း တစ်နိုင်ငံလုံး စစ်ပွဲတွေရပ် ဆိုတဲ့ ခေါင်းစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက မြို့အနှံ့ ဆိုင်ကယ်တွေနဲ့ လှည့်ပတ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာလည်း ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

source by : http://www.rfa.org
ဆက်ဖတ်မယ်...

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား



၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို ရွှေဝါရောင်တော်လှန်ရေးတွင် အကျဉ်းကျခံခဲ့ရသည့် ဆရာတော် ဦးကောဝိဒ သီတင်းသုံးနေထိုင်ရာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ဇေယျသိဒ္ဓိ တက္ကသီလာ မဟာသတိပဌာန်ကျောင်းတိုက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁း၀၀ နာရီမှ နေ့လည် ၂း၀၀ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ သံဃာတော်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားလူငယ်များ၊ နိုင်ငံရေးအကျဉ်းသားများနှင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားခဲ့ကြသည့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြပါသည်။

ပုံကိုကလစ်ပြီး ပုံကြီးချဲ့ကြည့်ပါ။

source by : http://www.burmavjmedia.net
ဆက်ဖတ်မယ်...

ကချင်ပြည်ဒေသ ပြည်တွင်းစစ်ကို ချက်ချင်းလုံးဝ ရပ်ဆိုင်းပေးရေးနှင့် လက်ပံတောင်းကြေးနီစီမံကိန်း ဆက်လက်အကောင်ထည်ဖေါ်မှူကို လုံးဝရပ်ဆိုင်းပေးရန် မလေးရှားနိုင်ငံ မြန်မာသံရုံးအား တောင်းဆိုဆန္ဒပြပွဲ









မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောမြန်မာ့တတ်မတော်မှ လူမဆန်စွာ KIA, KIO ကချင်လက်နက်ကိုင် တတ်ဖွဲ့ များကိုမျိုးပြုတ်စစ်စင်ရေး ဆင်နွဲနေခြင်းကြောင့် ယ္ခုအခါ ကချင်ပြည်နယ်ရှိ ဒေသခံအများစုသည် ဒုက္ခသည်အဖြစ်သို့ ရောက်ရှိရသည့်အပြင် အပြစ်မဲ့ ပြည်သူများစွာသေကြေပျက်စီးနေရသည်။ ထိုအပြင်မုံရွာဒေသခံများ ဆန္ဒပြထိန်းသိမ်းခံတိုက်ပွဲဝင်တောင်းဆိုနေသည့် လူသားမဆန်သည့် လူ့ အခွင့် ရေးချိုးဖေါက်မှူများကိုဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်သည်။
၎င်းကိစ္စရပ်များနှင့်ပက်သက်၍ ယနေ့ ၁၈-၀၉-၂၀၁၂ ခုနှစ် မလေးရှားဒေသဆံတော်ချိန် ၁၀နာရီတွင် မလေးရှားနိုင်ငံ မြန်မာသံရုံးသို့ မလေးရှားနိုင်ငံရောက် အဖွဲ့ စည်းအသီးသီးဖြစ်ကြသော အထွေထွေသပိတ် ကော်မတီ GSC ၊ BYSO Burma youth Student Organization ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသား များ အဖွဲ့ တို့ မှ ဦးစီးဦးဆောင်ပြု၍ မလေးရှာနိုင်ငံ လုံခြုံရေးအခြေနေအရ ခွင့်ပြုချက်ပေးထားသည့်အတိုင်း မြန်မာသံရုံးသို့ သဘောထားကြေငြာစာတန်းပေးပို့ ခြင်း၊ သံရုံးမလှမ်းမကမ်းခွင့်ပြုထားသည့် ခေါင်းဆောင် ဦးရေအတိုင်းဆန္ဒပြခြင်း၊ ကြွေးကြော်ခြင်း၊ ကြေငြာစာတန်းဖတ်ခြင်းတို့ ကိုပြုလုပ်သွားကြောင်းသတင်းရရှိ ပါသည်။

     ပူးတွဲပါကြေငြာစာတန်း.....


သဘောထားကြေညာချက်
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့် နိုင်ငံ့ရေးရာ ပြဿနာ ရပ်များအတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နှင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေးတွင် ပင်လုံစိတ်ဓါတ်နှင့်ပြည်ထောင်စုအရေး၊တိုင်းရင်းသား အရေး  နှင့် မီဒီယာများ၏ အခန်း ကဏ္ဌ သည် အထူးအရေးကြီးပါသည်။
လက်ရှိ အစိုးရအနေဖြင့်ဌင်းတို့ကြွေးကြော်နေသည့် ” ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်သစ် ” တရပ်ပေါ်ထွန်းလာရန်နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ကြိုးပမ်းဆောင်ရွက်မှုတို့နှင့် တချို့ဥပဒေများကို ခြွင်းချက်ဖြင့် ကန့်သတ်မှု မူဘောင်အတွင်းမှလျှော့ချပေးလာသည်ကို မြင်တွေ့သိရှိရပါသော်ငြားလည်းဘဲ KIO , KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့များမှတောင်းဆိုနေသည့်ငြိမ်းချမ်းရေး၊အပစ်အခတ်ရပ်ဆဲရေး ကိုလစ်လျှုရှု ကာစစ်တပ်မှယနေ့အထိဆက်တိုက်ထိုးစစ်ဆင်နေခြင်း၊မုံရွာဒေသခံများဆနပြထိန်းသိမ်းခံတိုက်ပွဲဝင်တောင်းဆိုနေသည့်လက်ပံတောင်ကြေးနီစီမံကိန်းအားဆက်လက်လုပ်ဆောင်မည်ဟုကြေငြာခြင်းစသည့်လူ့အခွင်းအရေး ချိုးဖောက်မှုများကိုဆက်တိုက်ကျူးလွန်နေဆဲပင်ဖြစ်သည်။
ထို့ပြင် မြန်မာ့ လွတ်လပ်မှုအဆင့်သည် နိုင်ငံတကာ စံချိန်းစံညွန်း အားဖြင့် ဆိုလျှင် လွတ်လပ်မှု မရှိသည့် စာရင်းတွင် နောက်ဆုံးကပင် ကပ်လျက် ရှိနေသေးပါသည်။
ထို့ကြောင့် ပြည်တွင်း ပြည်ပ ရှိ မြန်မာနိုင်ငံ သားများအနေဖြင့် သွေးစည်းညီညွတ်စွာဖြင့် ပွင့်လင်းမြင်သာသည့် လွတ် လပ်သော လူ့ဘောင်တရပ် ပေါ်ထွန်းလာစေရေးအတွက် အတူတကွ ယှဉ်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်   နေရာမှအောက်ဖော်ပြပါအချက်များကိုတောင်းဆို အပ်ပါသည်။

    ၁.ကချင်ဒေသပြည်တွင်းစစ်ကိုချက်ချင်းလုံးဝရပ်ဆိုင်းပေးရန်
2၂.တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့၏အပစ်အခတ်ရပ်ဆဲရေးသဘောတူညီချက်များကိုလေး စားလိုက်နာပြီးပြည်တွင်းစစ်မီးအပြီးငြိမ်းသတ်ပေးရန်
3.    ၃.လက်ပံတောင်ကြေးနီစီမံကိန်းဆက်လက်အကောင်အထည်ဖော်မှုကိုလုံးဝရပ်တန့်ပေးရန်
ဖ၄.ဖမ်းဆီးအထိန်းသိမ်းခံတက်ကြွလှုပ်ရှုားသူများနှင့်ကျန်ရှိနေသောနိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်း ချက်မရှိလွှတ်ပေးရန်
5.၅နိုင်ငံတကာစံနှုန်းစံထားအတိုင်းလွတ်လပ်ပွင့်လင်းမြင်သာသောဒီမိုကရေစီကျင့်စဉ်အတိုင်းလုပ် ဆောင်ပေးရန်



ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့်အထွေထွေသပိတ်ကော်မတီ GSC 

PROCLAMATION

What is the present climate to such rebellious armed conflict in Civil War, Home Rule and Federalism as National Federation along with Pinlon patriotic spirit, freedom of Press to Media in Burma plays the important role in National reconciliation and forever peaceful coexistence among all the national ethnics.

Even though what the present pro-military regime publicized “Towards the modern and development Democracy Nation” releases some of the tension to rules and regulation in an effort to materialize the political and economic reforms has still been seen as within-framework, this notorious regime ignores the call of peace and cease fire by KIO and KIA, Kachin Arm Forces, and keeps fire on KIO and KIA, even declares to continue the implement of Letpandaung Copper mine project objected through the demonstration and the detainee by Monywa regional residents. Thus it commits Human Right as yet seen.

Moreover, it is as usual seen and considered as the last-primitive-and-uncivilized country next to the end of lists in the standard of being Equality and Human right by international norms and mores. That is why; to emerge the best society through transparency and unity by Burmese domestic, oversea and abroad, there proclaims a demand for the reality as following:
1.    To cease fire on Civil War to KIA and KIO in Kachin State

2.    To follow the agreement on ceasing fire and peace both the regime and the ethnic armed forces and come to an end totally to Civil War in Burma

3.    To stop being implemented Letpandaung Copper mine Project at Monywa region

4.    To release all the detainees and political activists even the rest of the political prisoners in Jails without any exception

5.    To practice the Principle of Democracy through transparency and crystal in international norms and mores

Oversea 88’s Student Generation and GSC, General Strike Committee

by:kyaw ko ko kyaw 




source by :  http://nldyouthmalaysia.blogspot.com

ဆက်ဖတ်မယ်...

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အမေရိကန်ခရီးစဉ် ဖျက်သိမ်း


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမေရိကန်ပြည်ထောင်စု NGO အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ NED ခေါ် ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့က ချီးမြှင့်တဲ့ဆုကို လက်ခံဖို့အတွက် ဝါရှင်တန်ဒီစီ လာရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က ထန်းတပင်မြို့နယ် ရွာသစ် ကျေးရွာတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောနေစဉ်။ RFA
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်တွေအားလုံး နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့အပေါ်မှာ လူအားလုံး တပြေးညီမရပဲ ခွဲခြားပြီးမှ ရနေတဲ့အတွက် အခုလို ခရီးစဉ် ဖျက်လိုက်တာလို့ ကိုမင်းကိုနိုင်က RFA ကိုပြောပါတယ်။

"ကျွန်တော် အဲဒီပေးအပ်တဲ့ အသိအမှတ်ပြုမှုကို တန်ဖိုးထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ အထဲမှာတောက်လျှောက် ဒုက္ခဆင်းရဲတွေခံကြတုန်းက စိတ်အားပေးမှုက သိတ်အရေးကြီးပါတယ်။ အမေရိကန်ပြည်ထောင်စုကရော၊ လွှတ်တော်ကရော၊ အမေရိကန်ပြည်သူတွေက အားပေးတယ်။ ထောက်ခံတယ်။ ကျွန်တော်တို့ဘက်က ကြံ့ကြံ့ခံရပ်တယ်လို့ ကျွန်တော်တို့ ခံစားရတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်။ 
ဒီမှာ မူဝါဒအရ ဘယ်လိုမှ လက်မခံနိုင်လောက်အောင် သွေးခွဲထားတာရော၊ ကျွန်တော်တို့ကို ဒုတိယတန်းစား နိုင်ငံသားတွေလို သဘောထားတာရော အဲတာကို ကျွန်တော်တို့ လက်ခံလို့မရဘူး။ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှ အခွင့်အရေး ရှိရမယ်ဗျ။ ၂၁ ရက်ပြည့်တဲ့နေ့ကျလို့ရှိရင် ဒါတွေကို ထုတ်ယူနိုင်ပါပြီလို့ သူတို့ကိုယ်တိုင် ကြေညာထားပြီးတော့ ကျွန်တော်တို့ ဒီထောင်က ထွက်လာတဲ့ ၁၉ ယောက်ကို မပေးပဲနဲ့ ၆ လလောက်ထိ ပစ်ထားတာက ဘယ်လိုနည်းနဲ့မှ နိုင်ငံသားတိုင်း တန်းတူညီမျှမှုမရှိဘူး။ အဲတာပြောတာက ရှိသေးတယ်၊ တစ်နှစ်ဆိုင်းငံ့ထားတယ် ဆိုတာ ဘာဥပဒေလဲ။ ဘယ်လွှတ်တော်မှာ၊ ဘယ်ပြည်သူ့ ကိုယ်စားလှယ်တွေက ရေးဆွဲထားတဲ့ ဥပဒေလဲ။ ဥပဒေမဟုတ်ပဲနဲ့ ကိုယ့်စိတ်ထဲမှာ ထင်ရာ မြင်ရာတွေကို အမိန့်ထုတ်နေတာကတော့ ကျွန်တော်ဘယ်လိုမှ သဘောမတူနိုင်ဘူး။ 
အဲတာကြောင့် ကျွန်တော်တို့ အမှု ၆၅ နှစ် ကျခဲ့ကြတဲ့ လူတွေချင်းအတူတူ ကျန်တဲ့လူတွေကို မပေးပဲနဲ့ တစ်ဦးတစ်ယောက်ထဲရတဲ့ အခွင့်အရေးရော ကျွန်တော်မလိုချင်ဘူး။ အဲတာကြောင့် ကျွန်တော်တန်ဖိုးထားတဲ့ ကျွန်တော် ကျေးဇူးတင်တဲ့ အမေရိကန်ပြည်သူတွေက ပေးအပ်တဲ့ အသိအမှတ်ပြုမှု အဲဒီအခမ်အနားကိုတော့ ကျွန်တော်တန်ဖိုးထားသော်ငြား ကျွန်တော်တို့ရဲ့ မညီမျှမှုတွေကို လက်မခံနိုင်တဲ့အတွက် ကျွန်တော် မတက်ရောက် နိုင်တော့ဘူး။ အဲဒီအတွက်လည်း အဲဒီအခမ်းအနား ကျင်းပတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျွန်တော် တလေးတစားနဲ့ အနူးအညွတ် တောင်းပန်ရပါလိမ့်မယ်"
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ဧပြီလ ကတည်းက နိုင်ငံကူးလက်မှတ်တွေ လျှောက်ထားခဲ့ပြီး အခုချိန်မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ နှစ်ဦးတည်းကိုပဲ ထုတ်ပေးတယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်နဲ့အတူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင်နဲ့ US Campaign for Burma အဖွဲ့က ကိုအောင်ဒင်တို့ ၅ ဦးကို မြန်မာ့ ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတွေအတွက် NED အဖွဲ့က လာမယ့် စက်တင်ဘာ ၂ဝ ရက်နေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

source by : http://www.rfa.org
ဆက်ဖတ်မယ်...

၈၈ မျိုးဆက် မြစ်ဆုံဒေသ အခြေအနေ သွားရောက်လေ့လာ ၈၈ မျိုးဆက် မြစ်ဆုံဒေသ အခြေအနေ သွားရောက်လေ့လာ

မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသ အခြေအနေတွေကို သွားရောက် လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ကချင်ပြည်နယ်ကို ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံနေစဉ်။ RFA

ဒေသခံတွေအနေနဲ့ ကျောက်တောင်တွေ တည်ရှိရာနေရာကို ပြောင်းရွှေ့ ခံခဲ့ရတဲ့အတွက် ထွန်ယက် စိုက်ပျိုး မရတာကြောင့် စားဝတ်နေရေး အခက်အခဲ တွေ့ရကြောင်း ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိင် က ပြောပါတယ်။

"သူတို့ပြောင်းတဲ့ရွာက တရုတ်က ပြန်ဆောက်ပေးထားတာ။
 ဆောက်ပေးထားတဲ့ နေရာက ကျောက်တောင်ပေါ်မှာ ဖြစ်နေတယ်။ ထွန်ယက်စိုက်ပျိုးလို့လည်း မရဘူး။ မြစ်ဆုံမှာတုန်းကတော့ ငါးတို့၊ ဖားတို့၊ ပုဇွန်တို့ မြစ်ထဲဆင်းလိုက်ပြီးတော့ ရှာလို့ရတာပေါ့။

ဒီနေရာမှာ ဘာမှမရဘူး။ အမဲလိုက်လို့လည်း မရဘူး။ အိမ်တွေဆောက်ပေးထားတဲ့ ဟာတွေကလည်း ကန်ထရိုက်ဆောက်ပေးသလို ဖြစ်နေတော့ မျက်နှာကျက်တွေ အကုန်လုံးပြိုကျတယ်။ ကြမ်းတွေကျဲသွားတယ်။ ပြီးစလွယ် လုပ်ထားတယ်။ တံခါးတောင် ပိတ်လို့မရဘူး။ မိုးတွေယိုတယ်။ သွပ်တွေအကုန်လုံး လှန်ထွက်သွားတယ်။ အိမ်သာတွေ လဲကျသွားတယ်။ ကလေးတွေပညာရေးရော တော်တော်ခက်ပါတယ်။ အခုပဲ သူတို့ ကိုယ်စီ ကိုယ်စီ ရင်ဖွင့်သွားတာပေါ့။ အဓိက ကတော့ လုပ်ကိုင် စားသောက်လို့မရဘူး"

ဒီခရီးစဉ်မှာ နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော်၊ မိုးလေ၀သ ပညာရှင် ဒေါက်တာဦးထွန်းလွင်နဲ့ ရေအရင်းအမြစ် ပညာရှင် ဒေါက်တာ ခင်နီနီသိန်းတို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ကျင်းပမဲ့ မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ကချင်စစ်ဘေးဒဏ်ခံ ပြည်သူတွေအတွက် အလှူငွေ သိန်း ၂၀၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။

source by : http://www.rfa.org
ဆက်ဖတ်မယ်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ အမေရိကန် ခရီးစဉ်ကို စက်တင်ဘာ (၁၆) ရက်နေ့၌ စတင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ဆိုပါသည်။

 ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားမည် ဖြစ်ပါသည်။

အခြား မည်သူ လိုက်ပါသွားနိုင်မည်ကို အသေးစိတ် မသိရသေးသော်လည်း လွှတ်တော် ကိုယ်စားလှယ်များ အနည်းဆုံး (၅) ဦးခန့် ပါသွားနိုင်ဖွယ် ရှိပါသည်။

ရက်(၂၀)ခန့် ကြာလိမ့်မည် ဖြစ်ပြီး အောက်တိုဘာ (၅)ရက်နေ့ ၌  မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမည် ဖြစ်ပါသည်။



လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့ ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန် အခြေစိုက် National Endowment for Democracy နေရာတွင် မိန့်ခွန်း ပြောကြားရန် ရှိနေပါသည်။

ထို့အပြင် မြန်မာ မိသားစု အများစုရှိသည့်  ဆန်ဖရန်စစ္စကို မြို့ ကိုလည်း သွားရောက်ရန် ရှိသည်ဟု အဖွဲ့ချုပ်က ဆိုပါသည်။

source by :  http://www.phophtaw.org
ဆက်ဖတ်မယ်...

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အမေရိကန်ခရီးစဉ် စက်တင်ဘာ ၁၆ စမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ အမျိုးသား ဒ်ီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက်ပီ သတင်းဌာနကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်တဲ့ ကွန်ဂရက်စ် ရဲ့ ၂၀၀၈ ခုနှစ် Gold Medal ဆုကို အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာ ဖြစ်ပါတယ်။

အခု ခရီးစဉ်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲရစ်မြို့ Sorbonne တက္ကသိုလ်ကို ရောက်ရှိခဲ့စဉ်က။ (ဇွန်လ ၂၈ ရက်၊ ၂၀၁၂)


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ မြန်မာပြည် သွားရောက်စဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ အမေရိကန်ပြည်ထောင်စုမှာ ရှိစဉ်တော့ အမေရိကန် အစိုးရဘက်က ထိပ်တန်း တာဝန်ရှိသူတွေကိုရော၊ လွှတ်တော်က နိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံး ကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ ဒေသခံတွေက မြို့အတော်များများမှာ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန် ဟာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတ်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို အဲဒီ ရက်ပိုင်းကာလမှာပဲ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သမ္မတဦးသိန်းစိန်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု အမေရိကန်သမ္မတ အမိန့်နဲ့ လျှော့ပေါ့ ပေးလိုက်တာကြောင့် သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်အစိုးရ ရုံးစိုက်ရာ ၀ါရှင်တန်ဒီစီ ကိုလည်း လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။

နားဆင်ရန်

source by : http://burmese.voanews.com
ဆက်ဖတ်မယ်...

သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်


သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။

သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုမိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန် ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။

သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏ ၀န်ကြီး များနှင့်သာ တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။

 ပြည်တော်ပြန်ထဲမှ ကိုနိုင်အောင် အပါဝင် အဖွဲ့ဝင် (၇)ဦး ကိုလည်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကျောင်းသား တပ်မတော် လူသတ်မှု ကိစ္စ၌ သေဆုံး သွားခဲ့သော ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။

ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊ နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စားနေသူတဦးက ပြောပါသည်။

“ဒီလိုပါဗျ၊ ၈၈ ကြောင့် တောခိုသွားတဲ့ ခေါင်းဆောင်တွေကို သိပ်လေးစားခဲ့တယ်။ ယုံတယ်။ ပုံလည်း ပုံအပ်ခဲ့ဘူး ပါတယ်။ အဲဒီ ယုံကြည်ချက်ကို ခုတုံး လုပ်ပြီးတော့ လိမ်ကြတယ်ဗျ၊ နာမည် မပြောချင်သေးဘူး။ တရားစွဲဖို့ အခွင့်အလန်းကိုဘဲ စောင့် နေမယ်။ ဘ၀ ပျက်သွားတဲ့သူတွေလဲ အများကြီးဘဲ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဒီတော့ ဘုရား မဟုတ်မှန်းတော့ ပြည်သူကိုဖွင့် ချဖို့ အချိန်တန် ပြီးလို့ ယူဆတယ်။ ကိုးကွယ်မှု မမှားအောင်လို့ပါ။ ဘုရားမဟုတ်ဘူး တောင်ပို့ပါဗျာ။

 တခုတော့ပြောထား မယ် စစ်မှန်တဲ့ တော်လှန်ရေး သမား အားလုံးကို ပြောတာ မဟုတ်ဘူးနော်”ဟု ရန်ကုန်ကို ရောက်ရှိနေတဲ့ ၈၈ အရေးအခင်းမှ တောခို ကျောင်းသားဟောင်း တဦးက ဆိုပါသည်။

ပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်

အစိုးရသည် ပြည်တော်ပြန် များကို ပုဂ္ဂိုလ်အရ တဦးချင်း ဖိတ်ကြား ခဲ့ခြင်းသာ ဖြစ်ပါသည်။ ၄င်းတို့ကိုလည်း နာမည်ပျက်စာ ရင်းမှ ပယ်ဖျက် ပေးခဲ့ပါသည်။ သို့သော် ၄င်းတို့ ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းကို ဥပဒေအရ မတရား အသင်းကနေ လွတ်ငြိမ်းချမ်း သာခွင့် ပေးနေခြင်း မဟုတ်ပေ။ ဥပမာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင်ကို ပုဂ္ဂိုလ်အရ ဖိတ်ကြား ခဲ့သော်လည်း ၄င်း၏ အဖွဲ့ကိုမူ တရားမ၀င် အသင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း မဟုတ်ပေ။

ဤသို့ကြောင့် ပြည်တော်ပြန်များနှင့် ပါဝင် ပါတ်သက်နေသော အဖွဲ့အစည်း ၀င်များက ဤအခြေအနေကို သတိထားကြရန် ဖြစ်သည်ဟု ၈၈ တောခိုကျောင်း သားဟောင်းများက သတိပေးနေပါသည်။

၁၉၆၃ ခုနှစ်တွင် အိမ်စောင့် အစိုးရ ဦးနေ၀င်းသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို တောတွင်း အတိုက်အခံအဖွဲ့ မှန်သမျှကို ဖိတ်ကြားခဲ့ပါသည်။

 တောမှ မြို့ပေါ် တက်လာသော ခေါင်းဆောင် များသည် မြို့ပေါ်ရှိ ၄င်းတို့၏ မြေအောက် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံကြပါသည်။ အချိန် ကာလ တခုကို ပေးထားပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည်  သဘော တူညီချက် မရပါဟု အကြောင်းပြကာ တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်ပြီး လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။

ဤအထဲတွင် တွေ့ဆုံ ဆွေးနွေးရေး ကာလ၌ မျက်နှာပြခဲ့ကြသော မြေအောက် အုပ်စုဝင် အားလုံးနီးပါးသည် ထောင်နန်းစံရ ခြင်း၊ သတ်ပစ်ခံရခြင်း၊ ဘ၀ပေါင်းများစွာ နှိပ်စက်ခံရပြီး ဘ၀ ပျက်ခဲ့ကြရသည်ဟု လက်တွေ့ဖြစ်ခဲ့ သူများက ဆိုပါသည်။ ဤအဖြစ် အပျက်ကို ယခုအချိန်ထိ သမိုင်းမှီသူများ ဒုနဲ့ဒေး ရှိနေဆဲဖြစ်ပါသည်။

ယခု၌လည်း ပြည်တော်ပြန်များသည်၊ မိမိတို့ ဆိုင်ရာ ဆိုင်ရာ အုပ်စုများနှင့် တွေ့ဆုံ ဆွေးနွေးနေကြပါသည်။

ဘယ်သူက ဘယ်သူ့ကို ဘာကိစ္စ ဆွေးနွေးခဲ့သည်မှာ မိမိတို့အပြင် အပြင်လူလည်း သိရှိနိုင်ပါ လိမ့်မည်။

ဤကိစ္စအတွက် ပြည်တွင်း လှုပ်ရှား နေသူများ သတိထားကြရန် လိုအပ်ကြောင်း ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့စဉ်က ပါဝင်ခဲ့သူများမှ သတိပေးနေပါသည်။

source by : http://www.phophtaw.org
ဆက်ဖတ်မယ်...

၈၈ မျိုးဆက် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင် ကျင်းပခဲ့တဲ့ စေတနာဝသန် ဂီတဖျော်ဖြေပွဲက ရရှိငွေတွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ဒီကနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ပါတယ်။

Photo: 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းတွင် ရန်ပုံငွေ ရရှိမှု၊ သုံးစွဲမှုနှင့် ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်နေစဉ်။

မိမိတို့အဖွဲ့အနေနဲ့ ရန်ပုံငွေ ရရှိမှုနဲ့ သုံးစွဲမှုတွေကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ တက်ရောက်လာတဲ့ သတင်းထောက်တွေကို ပြောပါတယ်။
"ရရှိငွေတွေနဲ့ ကျွန်တော်တို့ သုံးစွဲတာတွေကို ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ စံတစ်ခုအရ ကျွန်တော်တို့ ခေါ်ယူ အသိပေးတာပါ။

ကျွန်တော်တို့ကိုပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်တယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့။ ကျွန်တော်တို့ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တန်ဖိုးထားတဲ့ဟာက အထူးအထွေ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ စီးပွားမရှာဘူး။

ကျွန်တော်တို့ ထောင်ထဲသွားနေတာ ကျွန်တော်တို့ တစ်ကိုယ်ရေ မိသားစု ပံ့ပိုးမှု၊ ဒုက္ခ သုက္ခတွေနဲ့ နေလာပြီး ပြန်ထွက်လာတဲ့ အခါမှာ ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ အလုပ်သဘာဝကို အရာအားလုံးထက် ပိုပြီး တန်ဖိုးထားပါတယ်။ ဒါကြောင့်မို့လို့ ငွေကြေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ ပွင့်ပွင့်လင်းလင်းမေးပါ။ အားလုံးကို ဖိတ်ခေါ်ပါတယ်"

ဒီလ (၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ စေတနာဝသန် ဂီတဖျော်ဖြေပွဲကနေ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ ကိုပြုံးချိုတို့ ပန်းချီရေးဆွဲထားတဲ့ ဂီတာတစ်လက် လေလံတင် ရောင်းရငွေ အပါအ၀င် စုစုပေါင်း သိန်း ၂၇၂၆ သိန်း ရန်ပုံငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လတ်တလောအနေနဲ့ ရရှိငွေထဲကနေ ကချင်စစ်ဘေးသင့် ဒုက္ခသည်တွေ အတွက် သိန်း ၂၀၀၊ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒုက္ခသည်တွေ အတွက် သိန်း ၂၀၀၊ ဧရာဝတီတိုင်းက ရေးဘေးဒဏ်သင့် ပြည်သူတွေ အတွက် သိန်း ၂၀၀၊ နာရေး ကူညီမှုအသင်း (ရန်ကုန်)နဲ့ မဖြူဖြူသင်း ဦးဆောင်တဲ့ HIV/AIDS ဝေဒနာရှင် စောင့်ရှောက်ရေး အသင်းတို့ကို ကျပ် ၂၅ သိန်းစီ လှူဒါန်းဖို့  ရှိတဲ့အပြင် အခြားလူမှုရေး အဖွဲ့အစည်းတွေကိုလည်း လှူဒါန်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုဘသက်အောင်နဲ့ စမ်းချောင်းကိုကိုကြီးတို့ အပါအ၀င် လူ ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။

source by : http://www.rfa.org
ဆက်ဖတ်မယ်...

လန်ထွက်နေတဲ့ ဦးအောင်သိန်းလင်း




ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောနေပြီ။

မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆို သော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ဖြေကြားပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အ စည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၎င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အ ငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံမေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်း ဖြစ်ပါသည်။

ဦးအောင်သိန်းလင်း က “ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကို ရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။

USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အား ပြင်းပြင်ထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် အား လည်း “ကျနော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး” ဟု ဖြေကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ “ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့ နိုင်ငံအတွက်လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ” ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား “သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေး အစိုး ရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ” ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက “ကျနော်တို့ သင်ခန်းစာတွေရတယ်။ လူ ထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ်” ဟု ဆိုပါသည်။

သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်း အနေဖြင့် မသိကြောင်း နိုင်ငံရေးလေ့လာသူတဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက” သူ တို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး” ဟု မှတ်ချက်ပြုပါသည်။

USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရ လဒ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲအများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၎င်း သည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။

Eleven Media Group မှ …
ဆက်ဖတ်မယ်...

ဖမ်းဆီးထိန်းသိမ်းခံ လူငယ်ကျောင်းသား ခေါင်းဆောင်များ ပြန်လွတ်ပြီ

ဇူလိုင် ၆ ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်မြောက်ရေးကော်မတီမှ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင်တို့ အပါအ၀င် မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ လားရှိုးနှင့် မန္တလေးတို့မှ လူငယ်ကျောင်းသားခေါင်းဆောင်များကို ယနေ့ နေ့လည် ၁၁ နာရီက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

"အခု ၁၁ နာရီကပဲ မနေ့ညက အဖမ်းခံလိုက်ရတဲ့သူတွေအားလုံး ပြန်လွှတ်ပေးလိုက်ပြီ ဆိုပြီးတော့ ဖုန်းဝင်လာတယ်။ သူတို့ ဒီကိုတော့ ရောက်မလာသေးပါဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးက အတည်ပြုပြောသည်။

အဆိုပါ လူငယ်ကျောင်းသားခေါင်းဆောင်များကို ဇူလိုင် ၆ ရက် ည ၉း၃၀ ခန့်တွင် နေအိမ်များသို့ လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ ကျောင်းသားခေါင်းဆောင် ၄ ဦးကိုမူ ပြည်ထဲရေးရုံးတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ မန္တလေးမှ အောင်မှိုင်းဆန်း၊ မိုးထက်နေတို့ အပါအ၀င် မြင်းခြံမှ ၇ ဦး မုံရွာမှ ၄ ဦး၊ ရွှေဘိုမှ ၄ ဦး၊ လားရှိုးမှ ၄ ဦး တို့ ပါဝင်ကြောင်း သိရပြီး ယင်းတို့အားလုံးကို တပြိုင်တည်း လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံ လူငယ်များ ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အခမ်းအနားကိုမူ ၈၈ မျိုးဆက်ကျောင်းသားများက ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ခြင်းဖြစ်ရာ ယင်းအခမ်းအနားပြီးသည့် နေ့လည် ၁၁ နာရီတွင် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group
ဆက်ဖတ်မယ်...

နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်

တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။

ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။(AFP)

အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့်  ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့  ဦးဥာဏ်ဝင်းက ဆိုပါတယ်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

source by : http://www.rfa.org 
ဆက်ဖတ်မယ်...

ဦးအောင်ဆန်းဦးရဲ့ စွဲဆိုမှုကို အမိန့်ချမှတ်

 _bbc_304x171
 ဦးအောင်ဆန်းဦးနဲ့ ဇနီး

မြန်မာနိုင်ငံ မှ အပတ်စဉ် စာစောင် Favourite News မှာ ဦးအောင်ဆန်းဦး က ဒေါ်အောင်ဆန်းစုကြည် အပေါ် အမွေပုံ ခွဲဝေ စီမံမှု အရ တရားစွဲခဲ့တာ နဲ့ ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတော်မှ ဇွန်လ ၂၂ ရက် နေ့ က သား နဲ့ သမီး ဖြစ်ကြလို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေ လို့ အမိန့်ချမှတ် လိုက်ပါတယ်။

မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အရ မိဘ အမွကေို ကျန်ရစ်သူ သားသမီး တွေ အနေနဲ့ အမွေပုံ စီမံခန့်ခွဲ ရာမှာ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စတာတွေ ခွဲဝေရာမှာ သီးခြား ဥပဒေ ရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

၁၉၅၃ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်း များလွှဲပြောင်းရေး ဥပဒေ အရ လိုက်နာ ဆောင်ရွက်ရာမှာ နိုင်ငံခြားသား မှ တောင်းဆိုခွင့် မရပါ။ ရွှေ့ပြောင်း နိုင်သော ပစ္စည်း စတဲ့ မော်တော်ကား၊ လက်ဝတ်ရတနာ၊ အတွင်းပစ္စည်း နဲ့ငွေကြေး စတဲ့ အပေါ် မှာသာ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ အရ အညီအမျှ ခွဲဝေ ပေးနိုင်ကြောင်း ဦးမင်းလွင်ဦး က ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း ဆိုရာမှာ အိမ်ယာမြေ၊မြေပေါ်မှာ စွဲကပ်နေတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ၁၉၅၃ ခု ဥပဒေ အရ ဆောင်ရွက်ရာမှာ ဦးအောင်ဆန်းဦးက အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီးပါက မိဘ အမွေကို တဝက်ပိုင်ဆိုင်ရှိ တယ်လို့ ဥပဒေ က ဆုံးဖြတ်ပေမယ့် နေအိမ် ပိုင်ဆိုင်မှု အပေါ် အခွင့်အရေး တောင်းဆို လို့ မရနိုင်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

source by :http://www.bbc.co.uk
ဆက်ဖတ်မယ်...

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥရောပ ခရီးစဉ် အစိုးရ မီဒီယာတွေမှာ မဖော်ပြ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု လက်ခံပွဲအပါအ၀င် ဥရောပခရီးစဉ်ကို နိုင်ငံပိုင် သတင်း မီဒီယာတွေက လုံးဝ မဖော်ပြခဲ့ပါဘူး။

အဲဒီလို မဖော်ပြတဲ့အကြောင်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေး ခရီးစဉ် သက်သက် ဖြစ်နေတဲ့ အတွက်ကြောင့် ထုတ်လွှင့် ဖော်ပြမှု မရှိ တာဖြစ်ကြောင်း အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန အမှုဆောင် ညွန်ကြားရေးမှုးချုပ် ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်ကို AFP သတင်းဌာနမှ ဖော်ပြထားပုံ ဖြစ်ပါသည်။ (AFP)

ဥရောပကို ရောက်ရှိနေတဲ့ ဦးရဲထွဋ်ဟာ သူရဲ့ခရီးစဉ်အတွင်း ဇွန်လ (၁၉) ရက်နေ့ ဒိန်းမိတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်မှာ ကျင်းပတဲ့ မြန်မာသတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ မှာ ပြောဆိုခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု အခမ်းအနား သတင်းနဲ့တကွ တခြားဥရောပခရီးစဉ်တွေကို ဘာကြောင့် အစိုးရ သတင်းမီဒီယာတွေက မဖော်ပြတာပါလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြန်လည်ဖြေကြားခဲ့ပုံကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒိန်းမတ်အခြေစိုက် ဘားမားကမ်ပိန်း အဖွဲ့က မခင်မိုးမိုးက ပြောပြပါတယ်။

"သူဖြေတာကတော့ အဲဒီ USDP က ကိုယ်စားလှယ်နဲ့ NLD ကပါတီ ကိုယ်စားလှယ် တစ်ယောက်နဲ့ အတူတူပါပဲ။ သာမာန်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လို့ နိုင်ငံပိုင် သတင်းမီဒီယာမှာ အထူးတလည် မျက်နှာလိုက်ပြီး ဖော်မပြနိုင်ဘူး ဆိုတာမျိုး သုံးနှုန်း ပြီးတော့ ပြောဆိုသွားတယ်"

ဒါ့အပြင် အစိုးရ မီဒီယာအနေနဲ့ ပါတီတွေရဲ့သတင်းတွေကို ဖော်ပြ ရာမှာ စည်းကမ်း သတ်မှတ်ထားပြီး ပုဂ္ဂိုလ်ရေး ခရီးစဉ်နဲ့ သက်ဆိုင်ရာ ပါတီတွေရဲ့လှုပ်ရှားမှု သက်သက်ဆိုရင် ဖော်ပြတာမျိုး မရှိဘူး လို့ ဦးရဲထွဋ်က ပြောဆိုကြောင်း၊ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်ကိုယ်စားပြုပြီး သွားမယ်ဆိုရင်တော့ သတင်း အဖြစ် ဖော်ပြမှာ ဖြစ်တယ်လို့ ဆိုကြောင်းလည်း မခင်မိုးမိုး က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသ ကတော့ -
"လူပုဂ္ဂိုလ်တဦးချင်း အနေနဲ့ ခရီးမို့လို့ နိုင်ငံပိုင်သတင်းစာမှာ မဖော်ပြတာ မဟုတ်ဘူး ဆိုရင်တော့ သတင်းအမြင်နဲ့ ကြည့်ရင်တော့ တစ်မျိုးဖြစ်မယ်လေ။ ဒါဟာ သတင်းထူး တစ်ခုပေါ့လေ။ ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ သတင်း၊ ကိုယ့်တိုင်းပြည် အတွက် ဖော်ပြသင့်တဲ့သတင်း ဟုတ်လား၊ မဟုတ်ဘူးလား အဲတာကတော့ ဒါကိုတော့ မေးခွန်းထုတ်စရာ ရှိတာပေါ့။ ဒီသတင်းကို ဟို အမှောင်ချတယ်ဆိုတဲ့ သဘောကတော့ မဟုတ်ဘူးပေါ့လေ၊ ဒီကျွန်တော်တို့ ပြည်တွင်း ကျွန်တော်တို့ ပုဂ္ဂလိက ဂျာနယ်တွေမှာကတော့ တော်တော်ကြီးကို အကျယ်တဝင့် ထည့်ကြတယ်"

CNN/ BBC/ Al-Jazeera အပါအ၀င် ကမ္ဘာ့သတင်း မီဒီယာကြီးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ (၅) နိုင်ငံ ခရီးစဉ်အတွင်း လှုပ်ရှားမှုတွေကို အဆက်မပြတ် ထုတ်လွှင့် ပြသနေပါတယ်။

source by : http://www.rfa.org

ဆက်ဖတ်မယ်...

ဗြိတိန် အိမ်ရှေ့မင်းသားနှင့် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ)| မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဉ် အဆင့်အမြင့်ဆုံး နိုင်ငံရေး တွေ့ဆုံခွင့်တခုအဖြစ် အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နှင့် ဇနီး ကမီလာတို့အား လန်ဒန်မြို့ ကလီရင့်စံအိမ်၌ ဇွန်လ ၂၁ ရက်နေ့က တွေ့ဆုံခွင့် ရခဲ့သည်။

Range Rover ကားပေါ်မှ ဒေါ်အောင်ဆန်းစုကြည် ဆင်းလာစဉ် တော်ဝင်ဇနီးမောင်နှံက ကလီရင့်လှေကားမှ စောင့်ကြိုနေကြပြီး အိမ်ရှေ့စံ မင်းသားက လက်ဆွဲနှုတ်ဆက်ကာ ပဋိသန္ဓာရစကား အနည်းငယ်ပြောဆိုပြီး မြို့စားကတော်ကြီးက စံအိမ်တွင်း ဖိတ်ခေါ်ကာ ဝင်ရောက်သွားကြသည်ဟု ဗြိတိန်သတင်းဌာနများက ရေးသားကြသည်။

သုံးဦးသား မိနစ် ၄ဝ ကြာ ပြောဆိုဆွေးနွေးမှုနှင့် ပတ်သက်၍ စံအိမ်မှ တစုံတရာ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ချုပ်မှ လွတ်မြောက် လာပြီးနောက် မြန်မာပြည် ဒီမိုကရေစီအရေး ချီတက်မှုများ ပြောဆိုဖြစ်ကြမည်ဟု ဗြိတိန်သတင်းစာများက ခန့်မှန်းသည်။

ဗွီဒီယို @ http://www.youtube.com/user/TheRoyalChannel

ထို့နောက် အနက်ရောင် ကျုလစ် တံတိုင်းမွှေးပင်ပျိုးလေးများရှိရာ ကလီရင့် ဥယျာဉ်တော်ထဲသို့ လမ်းလျှောက်ကာ ပန်းပင်လေးများ စိုက်ပျိုးခဲ့ကြသေးသည်။

ထိုသို့ တော်ဝင်မောင်နှံနှင့် မတွေ့ဆုံမီ ဗြိတိသျှ နန်းရင်း ဝန်အား ဒေါင်းနင်းလမ်း နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့သေးသည်။
ကမ္ဘာ့သမိုင်းဝင် အိမ်နံပါတ် ၁ဝ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလို တွေ့ဆုံ ခွင့်ရခြင်းမှာ “မျှော်လင့်ရခဲ မျှော်လင့်ချက် နည်းနည်းသာ ထားခဲ့ပေမယ့် တကယ့် ကြီးမြတ်တဲ့ အခိုက်အတံ့ပါပဲ” ဟု ဝန်ကြီးချုပ် ကင်မရွန်းက ပြောဆိုခဲ့သည်။
“ဒီနှစ်တွေအတွင်းမှာ ခင်ဗျားဟာဖြင့် သူရသတ္တိရဲ့သင်္ကေတ ဖြစ်ခဲ့ပြီး ကျနော်တို့ပြည်သူတွေ၊ ခင်ဗျားရဲ့ပြည်သူတွေနဲ့ တကမ္ဘာလုံးက ပြည်သူတွေအတွက် မျှော်လင့်ချက် ဖြစ်ပါတယ်” ဟု ဒေးဗစ်ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးပြောဆိုလိုက်သည်။
ဒေါင်းနင်းလမ်း၊ အိမ်အမှတ် ၁ဝ သည် ၁၉၄၇ ခုနှစ်က မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှ ကိုလိုနီအစိုးရအား အရေးဆိုရန် ရောက်လာသည့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် နန်းရင်းဝန် မစ္စတာအတ်တလီတို့ လွတ်လပ်ရေး စာချုပ် ချုပ်ဆိုခဲ့ကြသည့် သမိုင်းဝင် အိမ်ယာလည်း ဖြစ်သည်။
“မြန်မာပြည်ရဲ့ ထွက်ပေါ်လာတဲ့ ဒီမိုကရေစီကို အားဖြည့်ဖို့အတွက် ကျနော်တို့ မြှုပ်နှံမှာပါ။ တိုင်းရင်းသား ပဋိပက္ခတွေကို ဖြေရှင်းရမှာပါ။ အရေးပေါ် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းအတွက် ကျနော်တို့ ပေါင်စတာလင် သုံးသန်းမြှုပ်နှံထားပါတယ်။

 မြန်မာပြည်သူအားလုံးအတွက် စီးပွားရေးအနာဂတ်တခု ကျနော်တို့ တည်ဆောက်ကြရပါလိမ့်မယ်” ဟု ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ကင်မရွန်းက ပြောဆိုလိုက်သည်။
ထို့နောက် ဗြိတိန် လွှတ်တော်နှစ်ရပ် ပူးတွဲညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခွင့် ရမည်ဖြစ်ပြီး ဤသည်မှာ အစိုးရခေါင်းဆောင်တဦးမဟုတ်ဘဲ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားခွင့်ရသည့် ရှားပါးအခွင့်အရေး တခုပင် ဖြစ်သည်။

source by :  http://www.mizzimaburmese.com
ဆက်ဖတ်မယ်...

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး နဲ့ မြန်မာအစိုးရ

ဒီတပတ် မြန်မာမျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ လောလောဆယ် Britain  နိုင်ငံမှာ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့  ပုံရိပ်နှင့် မြန်မာ့နိုင်ငံရေးကို ဘယ်လို ရိုက်ခတ်စေသလဲဆိုတာကို The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ မြန်မာတိုင်း(မ်) ဂလိုဘယ်(လ်) (Myanmar Times Global) အယ်ဒီတာချုပ် ဦးစည်သူအောင်မြင့်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ| ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြည်ပခရီးစဉ်နှင့် ပတ်သက်လို့ နိုင်ငံတကာ
သတင်းတွေမှာတော့  ကမ္ဘာထိပ်တန်း သတင်းကြီးအဖြစ် ဖော်ပြကြပါတယ်။

သတင်း မီဒီယာတိုင်းလိုလိုမှာ သူပြောတယ်၊ဘယ်သွားတယ်၊ ဘာလုပ်တယ် ဆိုတာနှင့် ပတ်သက်ပြီးတော့ ပထမဦးဆုံး သိချင်တာက မြန်မာနိုင်ငံ ပြည်တွင်းမီဒီယာတွေကကော ဘယ်လောက် ဖေါ်ပြနိုင်ကြပါသလဲ။ ဖော်ပြခွင့်ရကြပါသလဲ။

ဦးစည်သူအောင်မြင့် | အခု ကျနော်တွေ့သလောက်ကတော့ တော်တော်လေး ဖော်ပြနိုင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ဒီနေ့ထွက်တဲ့ ရန်ကုန်တိုင်း(မ်) (Yangon Times) ဂျာနယ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်(လ်)ဆု လက်ခံတဲ့ မိန့်ခွန်းအပြည့်စုံပါတယ်၊ ပြီးတော့ မော်နီတာ (Monitor) ဂျာနယ်မှာဆိုလည်း အပြည့်စုံပါတယ်၊ နောက်တခြားဂျာနယ်တွေမှာဆိုလည်း ILO ညီလာခံမှာ မိန့်ခွန်းပြောတဲ့ဟာတွေပါတယ်။ အတော်လေးကို ပြည့်ပြည့်စုံစုံပါပါတယ်။ ဒီက လူတွေတော်တော် စိတ်လည်းစိတ်ဝင်စားတယ်။ အကုန်လုံး ကြည့်ခွင့်တွေ့ခွင့်ရနေတယ်လို့ ကျနော်ဒီလိုပဲ တွေ့ရတယ်။

ဦးကျော်ဇံသာ| ဆရာကျော်မင်းဆွေကို မေးချင်တာကတော့ အဲ့ဒီဖြစ်ရပ်ကို ဖော်ပြခြင်းအပြင် အဲဒီအပေါ်မှာ ဝေဖန်သုံးသပ်တဲ့ မှတ်ချက်နှင့်ကော ဆောင်းပါးတွေ ဘာတွေ ရေးသားခွင့်ကော ရကြပါသလား။

ဦးကျော်မင်းဆွေ | အဲဒါကတော့ ဝေဖန်သုံးသပ်တာတို့ ဘာတို့ကတော့ ကျနော် သိပ်ပြီး မတွေ့ရသေးဘူး။ အဲ့သတင်းနှင့် ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အခုနက ကိုအောင်မြင့် ပြောသလို၊ ဘာပဲ ဖော်ပြနိုင်တာ တွေ့ရတယ်လေး။ ပြည်တွင်းမီဒီယာတွေမှာတော့ အဲ့လို သုံးသပ်ချက်၊ ဝေဖန်ချက်ကတော့ ကျနော်တော့ မဖတ်မိသေးဘူး။

ဦးကျော်ဇံသာ| နိုင်ငံပိုင် မီဒီယာတွေကကော ဆရာ။

ဦးကျော်မင်းဆွေ | နိုင်ငံပိုင် မီဒီယာကတော့ လုံးဝ ဖော်ပြတာ မတွေ့ရဘူးခင်ဗျာ့။

ဦးကျော်ဇံသာ | ဆိုတော့ ဆရာဦးအောင်မြင့် နိုင်ငံပိုင် မီဒီယာတွေရဲ့  သဘောထားက ဘယ်လိုလဲခင်ဗျာ။ အဲ့ကိစ္စမှာ သူတို့ ဒါကို မဖော်ပြလိုဘူးလား။ သတင်းမဟုတ်ဘူးလို့ ယူဆသလား။ သူတို့ သတင်းဟာ အစိုးရပေါ်ဆီပဲ ဖော်ပြမယ်ဆိုတဲ့ အယူဆမျိုးရှိနေတယ် ထင်ပါသလား။

ဦးစည်သူအောင်မြင့် | ကျနော်ကတော့ အဲ့လိုပဲ နားလည်းတယ်။ ကျနော် အဲ့ဒီ ပြန်ကြားရေး ဝန်ကြီးဌာနက ဝန်ကြီးအရာရှိတွေနှင့် တွေ့တော့လည်း ကျနော်မေးမြန်းသလောက် ကျနော်သိသလောက်ကတော့ ဒါက အစိုးရရဲ့ အာဘော် အစိုးရရဲ့ လှုပ်ရှားမှုတွေကိုပဲ အဓိကထား ဖော်ပြတဲ့ သတင်းစာလို့ပဲ ကျနော်နားလည်ပါတယ်။
 ဒါကြောင့်မို့လို့ ဘယ်လို ဘယ်အရေးကြီးတဲ့ ကိစ္စဖြစ်စေ တခြားသော ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တွေမှာ အများကြီး ဖော်ပြနေပေမယ့် ဒီသတင်းစာတွေမှာကတော့ ဖော်ပြတာ မရှိဘူးဆိုတာတော့ ဒါအစဉ်လာတိုင်းပဲ။ အခု ခရီးစဉ်မှာလည်း ဒီတိုင်းပါပဲ။ ကိုကျော်မင်းဆွေ ပြောတာဟုတ်ပါတယ်။ မဖော်ပြပါဘူး။ လုံးဝကို။

ဦးကျော်ဇံသာ | ဆရာကျော်မင်းဆွေ ဒီခရီးစဉ်နှင့် ပတ်သက်ပြီး စကြရအောင်ပါ။ နိုင်ငံတကာ မီဒီယာတွေကတော့ ဒီခရီးစဉ်ဟာ အင်မတန် ထူးခြားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ သူတို့ အခေါ်အဝေါ် International Icon တခုလို့၊ Democracy Icon, Human Race Icon တခုလို့ သူတို့ တင်စားပြီးပြောကြပါတယ်။  Nelson Mandela တို့လို ပုဂ္ဂိုလ်တချို့ ဆို၊ Mahatma Gandhi, Dr. Martin Luther King တို့နှင့် နှိုင်းယှဉ်ပြီးတော့ကို တင်စားဖော်ပြကြပါတယ်။ ဒီအပြင် မြန်မာနိုင်ငံအပေါ်မှာလည်းပဲ ဒီခရီးစဉ်ဟာ အများကြီး အကျိုးသက်ရောက်မှု ရှိစေတယ်။ မြန်မာ့ပုံရိပ်အတွက်လည်း အင်မတန်ကောင်းတဲ့ ခရီးစဉ်ဖြစ်တယ်။ အစိုးရရဲ့  သဘောထား ပွင့်လင်းမှု အမြင်ကျယ်မှုကိုလည်း ဖော်ပြရာရောက်တယ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ ဆရာကျော်မင်းဆွေရဲ့  အမြင်ဘယ်လို မြင်ပါသလဲခင်ဗျာ့။

ဦးကျော်မင်းဆွေ | ယေဘုယျအားဖြင့်တော့ နိုင်ငံတကာ မီဒီယာတွေ သုံးသပ်တာတွေကို ကျနော် သဘောတူပါတယ်ခင်ဗျာ။ တကယ်တော့လည်း တိုင်းပြည်မှာ အခုအပြောင်းလဲ ဖြစ်သွားတဲ့ အပေါ်မှာပေါ့ နိုင်ငံတကာက ဒါကို အသိမှတ်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတကာထိ ခရီးဆန့်ပြီးတော့ နိုင်ငံရဲ့  ပုံရိပ်ကို မြင့်တင်ပေးနိုင်တယ်လို့ ကျနော်တော့ ယူဆပါတယ်။  အခုနက ပြောတယ့်ကြီးကျယ်တဲ့ ဂုဏ်ပုဒ်တွေနှင့်လည်း ထိုက်တန်တဲ့ ပုဂ္ဂိုလ်ပါ။

အဲ့ဒီတော့ ယေဘုယျအားဖြင့်တော့ ဒီအတိုင်း မှန်ပါတယ်ခင်ဗျာ့။ တကယ့် အတွင်းအနှစ်သာရကတော့ တကယ်အထဲထဲမှာ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ထိပ်ပိုင်းပုဂ္ဂိုလ် များနှင့်လောက်ပဲ ယုံကြည်မှု တည်ဆောက်ပြီးလို့ ရသေးပေမယ့် အောက်ပိုင်းအဆင့်တွေမှာ တချို့ အရင်အစိုးရအဟောင်းရဲ့  မူဝါဒဖြန့်မှုလေးတွေ တချို့ အောက်ပိုင်း ဝန်ထမ်းတွေမှာ ရှိနေသေးတာလည်း ရှိတယ်ခင်ဗျာ့။ ဘာဘယ်ပြောပြော ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာမှာ တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာဟာ အင်မတန်ကို တက်လာပါတယ်။ ဒီအတွက် ဒါ အပြုသဘော အင်မတန်ကိုဆောင်တယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။

ဦးကျော်ဇံသာ| ပြည်တွင်းနိုင်ငံရေးကို ဂယက်ခိုက်မှုကတော့ နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး ဆွေးနွေးကြရအောင်။ အခုကတော့ ကျနော်တို့ လောလောဆယ် နိုင်ငံတကာရဲ့  အမြင်မှာ မြန်မာ့ပုံရိပ် ဘယ်လိုဖြစ်သွားသလဲ ဆိုတာနှင့်ပတ်သက်ပြီးတော့ ဆရာဦးအောင်မြင့်ရဲ့  သဘောထားလည်း ဆက်ပြောဘာဦးခင်ဗျာ။

ဦးစည်သူအောင်မြင့်| နိုင်ငံတကာမှာ ပုံရိပ်ကို ကောင်းလည်း ကောင်းစေတယ်။
 နောက်တခုက နောင်အတွက်လည်း ကောင်းအောင်
 ဒေါ်အောင်ဆန်းစုကြည်က လုပ်နေတယ်လို့တော့ ကျနော်တွေ့ရတယ်။

ဥပမာအားဖြင့်ဆိုရင် သူမိန့်ခွန်းတွေ ပြောတဲ့အခါမှာ နောက် သတင်းစာရှင်းလင်းပွဲတွေမှာ ဖြေတဲ့အခါမှာ။ ဟုတ်ပြီ ဒီဥစ္စာ နိုင်ငံအပြောင်းလဲ ဖြစ်တဲ့အတွက်ကြောင့် သူရောက်လာနိုင်တယ်။ ဒါသူ့အတွက် စိတ်ကူးအိပ်မက်တွေလည်း ပြည့်တာပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုး နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးတဲ့ဟာက အခုချိန်မှာ ဒီလို အာရုံစူးစိုက်တာကလည်း အရမ်းကောင်းတယ်။ ဒါကြောင်းမို့လို့ ဆက်ပြီးတော့လည်း အာရုံစူးစိုက်ပေးပါဦးလို့ဆိုပြီး သူကပြောတယ်။ ဆိုတယ့်သဘောက မြန်မာနိုင်ငံမှာ အပြောင်းလဲဆက်ပြီးတော့ ဖြစ်ပေါ်ဖို့ဆိုတယ့်ဟာက နိုင်ငံတကာမိသားစုရဲ့  ဝိုင်းဝန်းကူညီအားပေးမှုတွေ လိုသေးတယ်ဆိုတဲ့ဟာကိုပါ သူပြောနိုင်ခဲ့တယ့် အခါကြတော့ ဒါကတော်တော်ကောင်းတဲ့ ခရီးစဉ်လို့ ကျနော်မြင်ပါတယ်။
 နောက်တခုက ဒီခရီးစဉ်နှင့် ပတ်သက်လို့ ကျနော်သိထားတာတချို့ က တဖက်စောင်းနှင်းတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီခရီးစဉ်တွင်းမှာဆိုရင် ကျနော်တို့ဆီက အရမ်းထင်ရှားတဲ့ ဝန်ကြီးဦးစိုးသိန်း၊ သူလည်း ဥရောပမှာ ရောက်နေတယ်။ ပြီးတော့မှ ပြန်ကြားရေး ဒုဝန်ကြီးဦးစိုးဝင်း ဦးဆောင်တဲ့အဖွဲ့က Scandinavia နိုင်ငံတွေကို သွားလည်ပတ်ဖို့ ဖိတ်ခေါ်တဲ့အခါကြတော့ သူတို့တွေလည်း အဲ့ဒီ နော်ဝေ၊ ဆွီဒင်တို့ ဥရောပနိုင်ငံတွေမှာ ရောက်နေကြတယ်ဆိုတယ့်အခါကြတော့ သူတို့တွေကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခရီးစဉ်နှင့် ပတ်သက်ပြီးတော့မှ လိုလိုလားလား ပြောဆိုတာတွေရှိတယ်။ မုဒိတာပွားကြတာတွေ ရှိတယ်ဆိုတယ့်အခါကြတော့ အတော်လေးကို ကောင်းတယ်လို့ပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ | ဆရာကျော်မင်းဆွေ စောစောက ပြည်တွင်းမှာ အစိုးရဟောင်းရဲ့  အယူဆကိုင်ဆွဲမှုတချို့နှင့် ပတ်သက်ပြီးတော့ ဆရာပြောသွားပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ဘန်ကောက်မှာကတည်းက စပြီးပြောတယ် Reckless optimism အရမ်းကာရော မျက်စိစုံမှိတ်ပြီးတော့ အကောင်းမြင်နေကြခြင်းကိုတော့ ထိန်းသိမ်းထားကြဖို့ အဲဒါကိုတော့ အဲဒီလောက် မဖြစ်ကြပါစေနှင့် ဒါ Healthy skepticism အကျိုးရှိမယ့် သံသယလေးတော့ ထားကြပါဦးဆိုပြီးတော့ သူပြောပါတယ်။ ဒီကိစ္စနှင့်ပက်သက်လို့ကကော ဒါပြည်တွင်းနိုင်ငံရေးကိုဘယ်လိုဂယက်ခက်နိုင်ပါသလဲဆရာ။

ဦးကျော်မင်းဆွေ | မြန်မာ့နိုင်ငံရေးမှာက တကယ့် Key player တွေပေါ့နော်။ အခုက ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သမ္မတကြီးရယ်၊ လွှတ်တော်ဥက္ကဌရယ်ဆိုတော့ ကျနော်တို့ ဒီအဓိက player တွေအချင်းချင်း နားလည်မှု ယုံကြည်မှု  တော်တော်လေး တည်ဆောက်လို့ရတဲ့ အနေထားတွေရတယ်။  ဒါပေမယ့် တဖက်မှာကြတော့လည်း ဥပမာ အစိုးရမှာ ဒီအများပြောနေကြတဲ့ နောက်ကိုပြန်သွားချင်နေကြတဲ့ သဘောထားတင်းမာတဲ့သူတွေကလည်း  အစိုးရအဖွဲ့ထဲမှာ ရှိနေတယ်။ ဒါကိုလည်း သမ္မတကြီးက မရှိပါဘူးလို့ ငြင်းဆိုထားပေမယ့်လည်း အဲဒီ အရိပ်အယောင်တွေလည်း ကျနော်တို့ မြင်နေရတာ ရှိပါတယ်။

ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဒီပြည်ပခရီးစဉ်အားလုံး  ပြန်ကြားရေးဝန်ကြီးဌာနက မဖော်ပြဘူးဆိုတာ တကယ်တော့ အမှန်တိုင်းပြောရရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့နိုင်ငံပိုင် သတင်းစာတွေ၊ မီဒီယာတွေဆိုတာက အစိုးရကို ကိုယ်စားပြုရမှာပေါ့နော်။ အဲ့ဒီတော့ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဒီလောက် ထိပ်ပိုင်းပုဂ္ဂိုလ်များက နားလည်မှုတည်ဆောက်ပြီးတော့ အချင်းချင်းယုံကြည်မှုရအောင် ကြိုးစားပြီးတည်ဆောက်နေချိန်မှာ အစိုးရမီဒီယာဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး လုံးဝမဖော်ပြဘူးဆိုတာ နိုင်ငံတကာက အစိုးရအပေါ်မှာ တမျိုးတမည် အထင်လွဲစရာ ဖြစ်နိုင်တယ်ပေါ့။

ဒါကလည်း ကျနော်ပြောချင်တာက သမ္မတကြီးနှင့် ထိပ်ပိုင်း player တွေအနေနှင့် သူတို့မှာ dilemma ။ Conservative တချို့ ရဲ့  ဒီပြန်ဆွဲတာရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်မှာတော့ အခုချိန် ကျနော်တို့ အရင်ကတော့ နည်းနည်းလေး တင်းမာတယ်လို့ ယူဆရတယ့် ပုဂ္ဂိုလ်များလည်းရှိတယ်လို့ ကျနော်တို့က ထင်တယ်ပေါ့။ အခုတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆုံးဖြတ်ချက်က တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးအတွက်ဆိုရင် သူဘာကိုမှမငဲ့ညာဘဲနှင့် ဘယ်သူ့ကိုမှ မထောက်ထားဘဲနှင့် သူ့ပါတီကိုကော တခြားဟာတွေကိုကော မထောက်ထားဘဲနှင့် သူဆုံးဖြတ်နိုင်တယ်ဆိုတာ ကျနော်တို့က တဖြည်းဖြည်း မြင်လာရတယ်ပေါ့။ အဲ့ဒီတော့ ဒီဘက်နိုင်ငံရေးမှာ ဘယ်လိုရိုက်ခက်နိုင်လဲဆိုတော့ ပြည်တွင်းနိုင်ငံရေးကတော့ ကျနော်တို့ ဒီအတိုင်း ဆိုလို့ရှိရင်တော့ အကောင်းဘက်ကိုသွားနေတယ်ပေါ့။ အစိုးရထဲမှာရှိတယ့် အစိတ်ပိုင်းတခု ဝန်ကြီးဌာနတခုရဲ့  ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိနိုင်သလဲဆိုတဲ့ အပေါ်မှာတော့ တချို့ ဟာလေးတွေ စကားပြောလိမ့်မယ် ထင်တယ်ခင်ဗျာ့။

ဦးကျော်ဇံသာ | ဆရာဦးအောင်မြင့် ဆရာကျော်မင်းဆွေပြောသည့် အထဲမှာတော့ ပြန်ကြားရေးဌာနရဲ့  ဒီခရီးစဉ်အပေါ်မှာ အားတက်သရော်မရှိတဲ့ကိစ္စကို ဆရာပြောပါတယ်။ ကျနော် အချက်နှစ်ချက်ကို ကျနော်   ဒီမှာ မေးချင်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့  ဘန်ကောက်ကိုသွားမယ့်ခရီးစဉ် WEF ကိစ္စမှာ ဖြတ်သိမ်းခဲ့ရတာနှင့် ပတ်သက်ပြီးတော့ တချို့ က ခန့်မှန်းသုံးသပ်ချက်တွေရှိတယ်။

 ဒေါ်အောင်ဆန်းစုကြည် ကို Co-staring Role တခါ တခါ၊ တန်းတူ ဒါမကပါဘူး Co-staring သူ့ထက်တောင်မှ ပိုကျော်လွှားနေတယ့်အဖြစ်ကို ရေးက လက်မခံနိုင်လို့ဆိုတဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။ အဲ့ဒီကိစ္စနှင့် ပတ်သက်ပြီးတော့လည်း သုံးသပ်ပါဦးဆရာ။

ဦးစည်သူအောင်မြင့်| ကျနော့် တဦးချင်းအမြင်အရ ပြောမယ်နော်။ ကျနော့်တဦးချင်း အမြင်အရဆိုရင် ကျနော် သတင်းဌာနက သတင်းတွေကို နားထောင်တယ်၊ ဖတ်တယ်၊ ကြည့်တယ်။ ကြည့်တယ့်အခါကြတော့ ဒီအစိုးရကလည်း သူ့ရဲ့လူတွေနားထောင်လို့ကောင်းအောင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မပျက်အောင် နောက်နိုင်ငံရေး အနေထားလေးတွေ ကောင်းအောင်ဆိုပြီးတော့မှ အဆင်ပြေအောင် ဒါသူတို့ သတင်းထုတ်ပြန်တာတွေတော့ လုပ်တယ်။ ဒါပေမယ့် ကျနော့် တဦးချင်းအမြင်မှာတော့ အခုနက ဦးကျော်ဇံသာ ပြောသလိုပဲ ကျနော်မြင်တယ်။ သမ္မတကြီး အဲ့ဒီခရီးစဉ်ဖြတ်ရတယ့်ကိစ္စဟာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လေ့လာမိခဲ့သလောက် ဒီတပ်မတော်ကို အစိုးရပေါ့ တပ်မတော် အစိုးရကနေပြီတော့ အခု အရပ်သားအစိုးရဖြစ်တယ်။

 ဒါပေမယ့် ဒါတွေ အကုန်လုံးကလည်း တပ်မတော်ခေါင်းဆောင်ဟောင်းတွေကြီးဘဲ။ သူတို့တွေရဲ့  စဉ်စားပုံ စဉ်စားနည်း၊ လုပ်ပုံကိုင်ပုံနည်းတွေ အကုန်လုံးက ဒီလိုပဲ စဉ်စားတွေးခေါ်လိမ့်လို ကျနော်ထင်တယ်။ အဲ့ဒီတော့ အခုနတုန်းက မေးခွန်းဖြေရရင် အဲ့ဒီအတိုင်းဖြစ်ခဲ့တယ်လို့တော့ ကျနော်နားလည်တယ်။

ဦးကျော်ဇံသာ| နောက်တခါ Rule of laws မြန်မာနိုင်ငံမှာ ပြသနာအားလုံးဟာ တရားဥပဒေစိုးမိုးမှုခြင်းပဲ ဖြစ်ရတယ်ဆိုပြီးတော့ ပြောတဲ့အချက်တွေရှိတယ်။ အဲဒီဟာတွေကော အာဏာပိုင်အဖွဲ့အစည်းထဲက တချို့ အစိတ်အပိုင်းတွေကိုများ ခံပြင်းစရာ ဖြစ်စေမလားဆရာ။

ဦးကျော်မင်းဆွေ| တစိတ်တပိုင်းတော့ တချို့ ကတော့ပေါ့ ကျနော်တို့ ဒီမှာ ၄၇ နှစ်လောက် အာဏာပိုင်စနစ်၊ အာဏာရှင်စနစ်နှင့် သွားခဲ့တယ့်အခါကြတော့ တကယ်တမ်း ယေဘုယျအားဖြင့် ပြောမယ်ဆိုလို့ ရှိရင်တော့ Rule of laws ဆိုတာ ဒါအချုပ်ပဲ။ ဒါတကယ်တမ်း အားလုံးက ဒီကိစ္စက ချုပ်ကြည့်မယ်ဆိုရင် ဒီဟာက သွားပြီးတော့ ဘယ်အရာမဆို အခု  တိုင်းပြည်မှာ ဖြစ်နေတာက ဒါပဲလေ။ အဲ့ဒီတော့ ဒါအမှန်တရားပေါ့။
ဆိုတော့ အမှန်တရားကို အမှန်တရားအတိုင်း လက်ခံနိုင်ဖို့တော့ လိုတာပေါ့။ အဲ့ဒီတော့ လိုတဲ့အခါမှာလည်း အခုနက ပြောသလို နိုင်ငံရေးမှာတော့ တခါတလေ အလျှော့အတင်း အပေးအယူ အလျှော့အတင်းတွေ လုပ်ရတာတော့ရှိပါတယ်။

 နောက်တဖက်နဲ့တဖက် Political Tolerance လို့ပြောတဲ့ နိုင်ငံရေးအရ သည်းခံခွင့်လွှတ်တာတွေ ဒါတွေတော့ ရှိပါတယ်ခင်ဗျာ့။ အဲ့ဒီတော့ အစိုးအဖွဲ့မှာကော အတိုက်ခံလို့ပြောတဲ့ နိုင်ငံရေးအင်အားစုတွေမှာကော ဒီဟာတွေကတော့ ကျနော်ထင်တယ် Comment တွေထွက်တယ်။ ဒီ Prominent ဖြစ်တဲ့ ဒီဟာတွေ ဒီခေါင်းဆောင်တွေရဲ့  ထွက်လာတဲ့ စကားပေါ်မှာ ခံစားပြီးတော့ ဘာသာပြန်တာတွေလည်း ရှိချင်ရှိမယ်။ သဘောပေါက်တဲ့ လူတွေလည်း ရှိချင်ရှိမယ်ခင်ဗျာ့။ ဒါကတော့ သဘာဝလို့ ထင်ပါတယ်။ ဒါပေမယ့် ထိပ်ပိုင်းမှာရှိတယ့် Player အချင်းချင်း နားလည်ဖို့ကတော့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ| အဲဒီ နားလည်မှုဆိုတဲ့ ကျနော် နောက်ဆုံးတခုမေးချင်တာက ဒီနေ့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောပါတယ် နိုင်ငံတော်ရဲ့  အခြေအနေ။ အဲဒီမှာ စီပွားရေး ရင်းနှီးမြုပ်နှံမှုတွေအတွက် ပြည်ပကလူတွေ ဖိတ်ခေါ်တာ ဘယ်လိုစနစ်တကျဖြစ်အောင်လုပ်ဖို့၊ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေပြန်လာဖို့က အစပြောတယ်။ ဒီမိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည် ပြည်ပမှာ မြန်မာနိုင်ငံရဲ့  ရုပ်ပုံကို ပိုပြီးကောင်းအောင်ချယ်သနေတဲ့ အချိန်နှင့် အချိန်ကိုက် တမင်တကာ လုပ်လာတာလား၊ တိုက်ဆိုင်မှုလား တမင်တကာ ပိုပြီးကောင်းထက်ကောင်းအောင် လုပ်ပေးတဲ့သဘောလား။ ဆရာ အဲဒီနှစ်ခုကို နှိုင်းယှဉ်ပြီး သုံးသပ်လို့ရမလားဆရာ။ ဆရာဦးအောင်မြင့်။

ဦးစည်သူအောင်မြင့် | အဲ့ဒီဟာကတော့ ကျနော်နားလည်တာကတော့  အချိန်ကိုက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
 ဒါမှမဟုတ် သူလုပ်စရာရှိတာတွေလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူက အဆင့်တွေ ခွဲပြီးတော့မှ သေသေချာချာ လုပ်နေတာကိုလည်း ကျနော်တို့တွေ့နေရတယ်။ အဲ့ဒီတော့ အဲ့အတိုင်းကိုပဲ ကျနော်နားလည်ပါတယ်။ သိပ်အထွေအထူးတော့ မှတ်ချက်ပေးဖို့တော့ မရှိပါဘူး။

ဦးကျော်ဇံသာ| ဆရာကျော်မင်းဆွေကော မှတ်ချက်ပေးချင်ပါသလား အဲဒီကိစ္စကို။

ဦးကျော်မင်းဆွေ | ကျနော် အခုနက ကိုအောင်မြင့်ပြောတဲ့ သဘောနှင့် ကျနော် သိပ်ပြီးမကွာပါဘူး ခင်ဗျာ့။ နောက်ပြီးတော့ ပြောတာ ဒီလုပ်ရိုးလုပ်စဉ်အတိုင်း မကြာခင် လွှတ်တော်ကလည်း လာမည့် ဇူလိုင်လ ၄ ရက်မှာ စမယ်ခင်ဗျာ့။

အဲ့ဒီတော့ တဖက်ကလည်း အစိုးရအဖွဲ့အနေနှင့် ကြိုတင်ပြင်ဆင်တဲ့အနေနှင့် သမ္မတဟာ နိုင်ငံတော်အခြေပြု မိန့်ခွန်းတခုပြောတာမျိုးပေါ့။ တဖက်ကလည်း သွားတဲ့အချိန်မှာ နိုင်ငံကို ကျနော်တို့ ဟိုဖက်က ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို သွားနေရတဲ့အချိန်မှာ အချိန်ကိုက်လုပ်တယ်၊ ပြုတယ် ဆိုပေမယ့်လည်း ကျနော်ကတော့ ဘာပဲပြောပြော Positive လို့ဘဲ ယူဆပါတယ်။

နားဆင်ရန်

source by : http://www.voanews.com
ဆက်ဖတ်မယ်...

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်တွေရဲ့ အခက်အခဲ

ရခိုင်ပြည်နယ်ဘက်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ အဝတ်အစားနဲ့ အစားအသောက်တွေ အဓိက လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ပြောပါတယ်။

အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့လဲ ဘေးကင်း လုံခြုံစိတ်ချရတဲ့ အခြေအနေလို့ ဒေသခံတွေက မထင်ကြသေးပါဘူး၊ ခုလိုအခြေအနေတွေကို စုံစမ်းထားတဲ့ မစုမြတ်မွန် က ဆက်ပြောပြပါရှင်။

စစ်တွေမြို့တခုထဲမှာတင် ဘုန်ကြီးကျောင်းနဲ့ ဓမ္မာရုံပေါင်း ၆၀ ကျော်လောက်မှာ ဒုက္ခသည်တွေ ခိုလှုံနေ ကြရပါတယ်။ လောလောဆယ်အထိ သက်ဆိုင်ရာက တရားဝင် ဒုက္ခသည်စခန်း ဖွင့်ပေးထားတာမျိုး မရှိသေးပါဘူး။ ဒီတော့ ခုလိုမျိုး ဘုန်ကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ နေနေကြရတဲ့ဒုက္ခသည်တွေ ဘယ်လို အကူအညီတွေ အဓိက လိုအပ်နေသလဲ သိရအောင် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဝံလက်အဖွဲ့က ဦးသိန်းထွန်းအေးကို မေးကြည့်ပါတယ်။

“အခု လက်ရှိလိုနေတာတော့ အစားအသောက်ပဲ အစ်မ။ အစားအသောက်ရယ်၊ အမိုးအကာရယ်၊ ဘုန်းကြီးကျောင်းမှာ နေတော့  အဓိက အခင်း မရှိဘူး။ အခု မိုးကလည်း တအား ရွာတော့လေ ကလေးမှာ အ၀တ်အစား မရှိတာရယ်.. ခြင်ထောင် မရှိတာရယ်.. အခင်း ဖျာပေါ့၊ အဲဒါ မရှိတာရယ်.. စောင် မရှိတာ ရယ်.. မီးဘေးဒုက္ခသည်တွေ များတော့လေ။

 နောက် ကိုယ်လွတ်ရုန်း ပြေးလာရတဲ့လူတွေမှာလည်း အ၀တ် အစားဆိုလို့ ဘာမှမပါဘူး။ အဲဒါတွေက အစားအသောက်နဲ့ နေစရာ ထိုင်စရာတွေ အများကြီး လိုနေတယ်။ လောလောဆည် အစိုးရဆီကတော့ ဘာအကူအညီမှ မပေးသေးဘူး။ ကျနော်တို့ ဒေသက အဖွဲ့အစည်းတွေကပဲ အကူအညီပေးနေကြတာပါ။ ကျနော်တို့ ကြိုးစားပြီးတော့ ဆန်ပေးတယ်၊ ခု ရန်ကုန် သား NGO တွေ လာပြီးတော့လည်း အထောက်အပံ့ပေးတာတွေ ရှိတယ်လေ။ နောက် ဒေသခံတွေကပဲ ရပ်ကွက် က ထမင်းထုပ်တွေဝေ ပေးတယ်၊ နောက်ပြီးတော့ ဆန် ကို ချက်ကျွေးတယ်၊ ကျနော်တို့ အဲလိုတွေ လုပ်ပေးနေပါတယ်”

အခုစစ်တွေမြို့မှာ ရှိနေကြတဲ့ ဒုက္ခသည်တွေက စစ်တွေမြို့အနီးတဝိုက်ကပါပဲလား၊ တခြားမြို့တွေဘက်က ဒုက္ခသည် တွေရော ဘယ်လိုနေထိုင်ကြရပါလဲ၊

“ဟုတ်ကဲ့၊ စစ်တွေမှာ ရှိနေတဲ့ သူတွေက စစ်တွေမြို့ ဧရိယာတ၀ိုက် ၊ စစ်တွေ မြို့ပြင်က ရပ်ကွက်တွေပေါ့၊ ရွာတွေပေါ့၊ စစ်တွေမြို့နယ်ထဲက ရွာတွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ နီးတဲ့ ရွာတွေက ဆိုရင် ပုဏ္ဏားကျွန်းမှာ ရောက်နေတာပေါ့၊ ဒီကနေ့ဆိုရင် မနက်အစောကြီးကပဲ ကျနော်တို့ ဒေါက်တာကျော်သူ တို့ နဲ့ ပုဏ္ဏားကျွန်းကို သွားပြီး လေ့လာခဲ့သေးတယ်။ အဲဒီမှာတော့ လူ ၃၀၀ ကျော်လောက် ရှိနေတယ်။”

ရခိုင်ပြည်နယ်ဘက်မှာ အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့ လုံခြုံ အေးချမ်းမှု မရှိသေးဘူး လို့ ဒေသခံတွေ ခံစား နေကြရတဲ့အတွက် ဘေးကင်းရာမှာ ခိုလှုံနေကြသူတွေဟာ နေရပ်ကို မပြန်ရဲကြသေး ဘူးလို့ ဝံလက် ပရဟိတ အဖွဲ့က ဦးသိန်းထွန်းအေးက ပြောပြပါတယ်၊ သက်ဆိုင်ရာက ပေးထားတဲ့ လုံခြုံရေး ကိုလည်း လုံလောက်တယ်လို့ မထင်ကြပါဘူးတဲ့။

“လုံခြုံရေး မကောင်းသေးဘူးပဲ ပြောရမှာပေါ့၊ တချို့နေရာတွေမှာ ယောက်ျားတွေက သူတို့ ရွာကို ကာကွယ်ပြီးတော့ ကျန်ခဲ့တယ်။ အမျိုးသမီး နဲ့ ကလေးတွေကိုကျတော့ မြို့ပေါ်ကို ပို့ထားတာတွေ ရှိတာပေါ့။ သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစား နေရတဲ့ အခါတော့ သူတို့ မပြန်နိုင်ကြသေးဘူး။ နယ်တွေမှာက သိပ်လုံခြုံမှု မရှိသေးဘူးလေ။ တပ်ကတော့ လုံခြုံမှု လုံလုံလောက်လောက် မပေးနိုင်တဲ့အခါကျတော့လေ လူတွေက အိမ်မပြန်ရဲဘူး ဖြစ်နေကြတယ်”

ပြောချင်တာက လုံခြုံရေးကို စိတ်မချသေးဘူးဆိုတဲ့သဘောပါလား၊

“လုံးဝ စိတ်မချရသေးပါဘူး၊ လုံးဝ စိတ်မချရသေးဘူး၊ ဒီမှာ စစ်တွေမှာ Curfew ထုတ်ထားပေမဲ့ ပွင့်ပွင့် လင်းလင်း ပြောရ ရင် အစိုးရက ကျနော်တို့ကို လုံခြုံမှု အပြည့် မပေးနိုင်သေးဘူးလို့ ကျနော်တို့ ခံစားရတယ်။

 စစ်တွေရဲ့ အပြင်မှာဆိုရင် ကိုယ့်ကိုကိုယ်ပဲ ကာကွယ်နေရတယ်။ မြို့ပေါ်မှာကတော့ စစ်တပ်တို့ ရဲတို့ အပြည့် ရှိပါတယ်။ ဒါပေမဲ့ ညဆိုရင်တော့ တခါတလေ ကုလား တက်တာတွေ ကုလား မီးရှို့ တာတွေ ပြဿနာတွေ ကောလဟလတွေ အများကြီး ဖြစ်နေတော့ လူတွေကတော့ အများကြီး စိုးရိမ်နေရတယ်၊ ပြီးတော့ မြို့ပြင် ရပ်ကွက်တွေမှာကျတော့ လုံခြုံရေးက အလုံအလောက် မရှိဘူး။ ရွာသားတွေပဲ ခုခံကာကွယ်နေရတယ်”

ဒီနေ့ မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ကူတောင်ရွာဘက်မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိတယ်လို့လည်း သတင်းတွေ ရရှိပါတယ်၊ အခုတော့ အဲဒီ ဘက်ကို စစ်တပ်က သွားရောက်ပြီး လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုး ဆုံးဖြစ်ပွားတဲ့  အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် ရခိုင် ပြည်နယ်ထဲမှာ သေဆုံးသူပေါင်း ၅၀ ထက် မနည်း ရှိခဲ့ပြီး ဒုက္ခရောက်နေသူပေါင်း ၃ သောင်းကျော် ရှိနေပါတယ်။

နားဆင်ရန်

source by : http://www.voanews.com
ဆက်ဖတ်မယ်...

ရာစုနှစ်ရဲ့ သြဇာကြီးမားတဲ့ သတင်းစာဆရာတဦး၏ ဈာပန အခမ်းအနား(ရုပ်/သံ)



ဝါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၂း၀၀ နာရီအချိန်က ရေဝေးသုဿန်မှာ ပို့ဆောင် မီးသင်္ဂြိုလ်ခဲ့ပါတယ်။ အဲ့ဒီ ဈာပန အခမ်းအနားကို ဝါရင့်သတင်းစာဆရာများ၊ နိုင်ငံရေးသမားဟောင်းကြီးများနဲ့ စာနယ်ဇင်းလောကမှ သတင်းစာဆရာများ၊ ကျောင်းသားဟောင်းများ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

 ဆရာကြီး လူထု ဦးစိန်ဝင်းဟာ ကျန်းမာရေး အခြေအနေ အရ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက် တပ်ဆင်ထားရပြီး ညာဘက် ကိုယ်တခြမ်း လေဖြန်းနေတဲ့အတွက် ဘယ်လက်နဲ့ စာရေးကျင့်ပြီး စာပေတွေကို ရေးသားနေခဲ့သူ ဖြစ်ပါတယ်။ စာနယ်ဇင်းလောကမှာ သြဇာ အာဏာရှိတဲ့ သတင်းစာ ဆရာတဦးဖြစ်ပြီး သူ့ရဲ့ ဆောင်းပါးတွေအတွင်း လူငယ်တွေအတွက် စိတ်ဓာတ် တက်ကြွဖွယ်ရာ အတွေး အမြင်တွေနဲ့ နိုင်ငံရေး အသိအမြင်တွေကို အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ စဉ်ဆက်မပြတ် ဖော်ပြ ရေးသားခဲ့သူလဲ ဖြစ်ပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ ည ၁၁း၃၀ နာရီအချိန် ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံမှာ နာတာရှည် အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။






source by : http://www.youtube.com/user/BurmaVJMedia
ဆက်ဖတ်မယ်...

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံကနေ သူ ၂၄ နှစ်ကြာ ခွဲခွာခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဒီကနေ့ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

၎ ရက်တာ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွက် ဇွန်လ ၁၉ ရက်နေ့က လန်ဒန်မြို့ကို ဒေါ်အောင်ဆန်းစုကြည် စတင်ရောက်ရှိလာစဉ်။ AFP

မနက်ဖြန် နေ့လည်ပိုင်းမှာ အောက်စ်ဖို့မြို့မှာ ကျင်းပမယ့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းပွဲ အခမ်းအနားကို တက်ရောက် မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြို့မှာ နေထိုင်နေတဲ့ သားငယ် ကင် ဟာ မိသားစုပြန်လည် ဆုံဆည်းပွဲကို တက်ရောက်မှာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှာ နေထိုင်နေတဲ့ သားအကြီး Alexander ကတော့ လာ မလာ မသေချာသေးဘူးလို့ သိရပါတယ်။

ဒီနောက် အောက်စ်ဖို့တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်သလို အောက်စ်ဖို့တက္ကသိုလ် အကြီးအကဲတွေနဲ့ ပရိသတ်တွေကို မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ လန်ဒန် စီးပွားရေးတက္ကသိုလ်က ကျင်းပတဲ့ ဆွေးနွေးပွဲကိုလည်း တက်ရောက်ပြီး တခြားကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တွေ့ဆုံ စကားပြောဖို့  ရှိပါတယ်။

လာမယ့် ကြာသပတေးနေ့မှာ ဗြိတိသျှ အစိုးရပါလီမန်မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်သလို ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကမ်မရွန်းအပြင် အိမ်ရှေ့မင်းသား Charles နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

မနေ့ကတော့ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ မှာ အေအိုင် ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဦးစီးကျင်းပတဲ့ ကမ္ဘာကျော် ယူတူး  ရော့ခ်တီးဝိုင်း ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီပွဲမှာ အေအိုင်အဖွဲ့က ပေးအပ်တဲ့ Ambassador of Conscience Award ခံယူချက် ထူးချွန်မှုဆုကို လက်ခံရယူခဲ့ပြီး ဒီကနေ့ ကျရောက်တဲ့ သူ့ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။

source by : http://www.rfa.org
ဆက်ဖတ်မယ်...

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ငြိမ်းချမ်းရေးဆု မိန့်ခွန်း(သတင်း)

ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံယူမည့် ခမ်းမအတွင်းသို့ ၀င်လာစဉ်။ဓာတ်ပုံ AP

၁၉၉၁ ခုနှစ်က ရရှိထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို အခု အသံလွှင့်နေတဲ့ အချိန်မှာ ကျင်းပနေတာ အခု သတင်း မဖတ်ခင်ကလေးမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ပြီးသွားပါတယ်။

နော်ဝေး ဆုရေးပေး ကော်မတီက ပြုလုပ်တဲ့ အခမ်းအနားမှာ သူပြောခဲ့တဲ့ မိန့်ခွန်းမှာ ဒီ ငြိမ်းချမ်းရေးဆုကို သူ ဘယ်လို ရတယ်ဆိုတာကို ရေဒီယိုကနေ ကြားခဲ့ရတဲ့အကြောင်း၊ အဲဒီအချိန်မှာ သူ နေအိမ်အကျယ်ချုပ် ကျနေရတဲ့ အချိန်ဖြစ်လို့ လက်တွေ့ကမ္ဘာမှာ သူ မရှိနေဘူးလို့ ခံစားနေရတဲ့ အချိန်မှာ ဒီဆုရတဲ့အတွက် သူဟာ လက်တွေ့ကမ္ဘာ ပြန်ရောက်လာတယ်လို့ ခံစားရတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကြီးကြောင့်မို့လို့ ဒီကမ္ဘာက မမေ့ဘူးဆိုတာကို ပိုပြီးတော့ သဘော ပေါက်လာတာကို တွေ့ရတယ်၊ သူ့အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိတာဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်ဆိုတာ လက်ခံတဲ့အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီဆုအတွက်ကြောင့် မို့လို့လဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေဟာ နယ်ပယ် ကျယ်ပြန့်လာတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလေးတင် ပြီးဆုံးသွားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ လူသားတိုင်း လွှတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ခံစားသင့်တဲ့ အကြောင်းတွေကို၊ လူသားတိုင်း​ တရားဥပဒေရဲ့ အကာအကွယ်ကို ရသင့်တယ် ဆိုတဲ့ အကြောင်း တွေကိုလည်း မိန့်ခွန်းထဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေရဲ့ ကြိုးပမ်းမှု ဆိုတာကိုလည်း သူက ကျေးဇူးတင်စကား ပြောပါတယ်။

 မြန်မာနိုင်ငံမှာ သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားတယောက် အနေနဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသေးတဲ့ သူတွေ ရှိနေတဲ့အကြောင်းကိုလည်း အလေးထားပြီးတော့ ပြောသွားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတယောက် စွမ်းဆောင်နိုင်ချက်ကို သူ့ကိုယ်သူ ဥပမာပေးပြီးတော့ ကျန်နေသေးတဲ့ သူတွေကိုလည်း မမေ့ကြဖို့ကို သူက ဒီမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

တခါ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စစ်တပ်ရယ်၊ ပြည်သူရယ်၊ မြန်မာပြည်အတွင်းမှာ ရှိနေတဲ့ လူမှုအသိုင်း အ၀ိုင်းတွေ အားလုံး
ပူးပေါင်း ပါဝင်ပြီးတော့မှ လုပ်မှသာလျှင် ရေရှည်ခံတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်မယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြား သွားပါတယ်။ နောက် တယောက်နဲ့ တယောက် စာန ထောက်ထားမှုဟာ ငြိမ်းချမ်းမှုအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကိုလည်း သူက ပြောပါတယ်။

အခုလေးတင်ပဲ ဒီမိန့်ခွန်း မပြီးခင်မှာ ပြောသွားတဲ့ အကြောင်းကတော့ ဒုက္ခသည်တွေ အကြောင်းပါ။ မကြာခင်တုန်းက ထိုင်းနိုင်ငံအတွင်းက မယ်လ ဒုက္ခသည် စခန်းမှာ သိရှိခဲ့ရတဲ့ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေကို ပြောခဲ့ပါတယ်။

နယ်စပ် ဖြတ်ပြီးတော့ အလုပ်သမားတွေ အလုပ်လုပ်နေရတဲ့ ပြဿနာတွေ၊ တခါ ဒုက္ခသည်တွေ၊ ရောင်းစား ခံရသူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခသည်တွေကိုလည်း သူက ထောက်ပြသွားပါတယ်။

ငြိမ်းချမ်းရေးကို ကျဆုံးစေတာဟာ စစ်သာလျင် မဟုတ်ပဲ၊ အခွင့်အရေး ဆုံးရှုံးရခြင်းဟာလည်း ငြိမ်းချမ်းရေးကို ကျဆုံးစေတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခု အော်စလိုမှာ ကျင်းပနေတဲ့ အခမ်းအနားမှာ သူက ပြောသွားပါတယ်။

ဒီအခမ်းအနားမှာပဲ အစောပိုင်းတုန်းက နိုဘဲလ်ဆု ချီးမြင့်ရေး ကော်မီတီဥက္ကဌကလည်း ဒီကနေ့ဟာ နိုဘဲလ်ဆု သမိုင်းမှာ အထူးခြားဆုံး နေ့ဖြစ်တယ်၊ သူ့ရဲ့ လုပ်ရပ်တွေဟာ ​ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး တိုက်ပွဲ ၀င်သူတွေရဲ့ ခွန်အားဖြစ်တယ်၊ ကမ္ဘာ့ လူသားတွေအတွက် အဖိုး ထိုက်တန်တဲ့ရတနာ တပါးဖြစ်တယ် ဆိုပြီးတော့ နိုဘဲလ်ဆုပေးရေး ဥက္ကဌကလည်း ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

နားဆင်ရန်

 source by : http://www.voanews.com
ဆက်ဖတ်မယ်...